• Follow Us on

Home ရုရှားအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်မှာမဟုတ်ပေမဲ့ F-16 တွေရောက်လာရင် ပစ်ချမှာဖြစ် ကြောင်း ပူတင်ပြော

ရုရှားအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်မှာမဟုတ်ပေမဲ့ F-16 တွေရောက်လာရင် ပစ်ချမှာဖြစ် ကြောင်း ပူတင်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၉

 

ရုရှားနိုင်ငံအနေနဲ့ နေတိုးအဖွဲ့ဝင် ဘယ်နိုင်ငံကိုမှ တိုက်ခိုက်သွားဖို့ ဆန္ဒမရှိသလို ပိုလန်၊ ဘော်လတစ်နိုင်ငံတွေ နဲ့ ချက်သမ္မတနိုင်ငံကိုလည်း တိုက်ခိုက်သွားမှာမဟုတ်ပေမဲ့ အနောက်နိုင်ငံတွေက ယူကရိန်းကို F-16 ဂျက် တိုက်လေယာဉ်တွေပေးပို့လာခဲ့မယ်ဆိုရင် အဲဒီလေယာဉ်တွေကို ပစ်ချသွားမှာဖြစ်ကြောင်း သမ္မတဗလာဒီမာပူ တင်က ဗုဒ္ဓဟူးနေ့ (မတ်လ ၂၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် ကျူး ဘားဒုံးကျည်အရေးအခင်းပြီးကတည်းက ရုရှားနဲ့ အနောက်အုပ်စုဆက်ဆံရေးဟာ အဆိုးရွားဆုံးအခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။

 

အမေရိကန်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးကတည်းက ရုရှားနိုင်ငံရဲ့ အရှေ့ဘက်ကို တဖြည်းဖြည်း ချဲ့ထွင်လာကြပေမဲ့ ရုရှားအစိုးရအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အစီအစဉ်လုံးဝမရှိကြောင်း ပူတင်က ရုရှားလေသူရဲတွေကို ပြောကြားတဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါ တယ်။

 

“အဲဒီနိုင်ငံတွေကို တိုက်ခိုက်ဖို့ ငါတို့မှာ ရည်ရွယ်ချက်လုံးဝမရှိဘူး။ ပိုလန်၊ ဘော်လတစ်နိုင်ငံတွေနဲ့ ချက်သမ္မတ နိုင်ငံတို့ကို ငါတို့က တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ အတွေးဟာ ခြောက်လှန့်နေတဲ့အတွေးတွေဖြစ်ပြီး လုံးဝ အဓိပ္ပာယ် မရှိတဲ့ အတွေးတွေသာဖြစ်တယ်။” လို့ ကရင်မလင်နန်းတော်က ထုတ်လွှင့်ခဲ့တဲ့ ပူတင်ရဲ့မိန့်ခွန်းထဲမှာ ဖော်ပြ ထားပါတယ်။

 

အမေရိကန်နိုင်ငံဟာ ယူကရိန်းကို ငွေကြေး၊ လက်နက်၊ ထောက်လှမ်းရေးသတင်းတွေထောက်ပံ့ပေးပြီး ရုရှား ကို တိုက်ခိုက်နေတာဖြစ်ကြောင်း၊ အမေရိကန်နဲ့ ဆက်ဆံရေးဟာ ဘယ်တုန်းကမှ အခုလောက်မဆိုးရွားခဲ့ဖူး ကြောင်း ရုရှားအစိုးရက ပြောပါတယ်။

 

အနောက်နိုင်ငံတွေက ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ပို့ပေးမယ်လို့ ကတိပေးထားတာနဲ့ ပတ် သက်ပြီး မေးမြန်းရာမှာ အဲဒီလေယာဉ်တွေဟာ ယူကရိန်းက စစ်ပွဲအခြေအနေကို ပြောင်းလဲပေးနိုင်မှာမဟုတ် ကြောင်း ပူတင်က ပြောပါတယ်။

 

“သူတို့တွေ F-16 ဂျက်တိုက်လေယာဉ်တွေ ပို့ပေးမယ်၊ ပို့ပေးမယ့်အကြောင်းတွေနဲ့ လေသူရဲတွေကို လေ့ကျင့် သင်ကြားပေးမယ့်အကြောင်းတွေ ပြောနေတယ်။ ဒါပေမဲ့ အဲဒါတွေက စစ်မြေပြင်က အခြေအနေတွေကို ပြောင်း လဲအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။” လို့ ပူတင်က ပြောပါတယ်။

 

“ဒီကနေ့ ရန်သူ့တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အတွဲလိုက်ဒုံးပစ်လောင်ချာတွေအပါအဝင် တခြားစစ် လက်နက်ပစ္စည်းတွေကို ကျွနတော်တို့ ဖျက်ဆီးပစ်သလိုပဲ အဲဒီလေယာဉ်တွေကိုလည်း ကျွန်တော်တို့ တိုက် ခိုက်ဖျက်ဆီးပစ်မှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်တွေဟာ နျူကလီးယားလက်နက်တွေ သယ်ဆောင်နိုင်ကြောင်းလည်း ပူတင်က ပြောပါတယ်။

 

“သေချာတာပေါ့၊ တတိယနိုင်ငံတွေက လေယာဉ်ကွင်းတွေကနေ အဲဒီလက်နက်တွေကို အသုံးပြုလာခဲ့ရင် လည်း အဲဒီနိုင်ငံတွေဟာ ကျွန်တော်တို့အတွက် တရားဝင်ပစ်မှတ်တွေ ဖြစ်သွားတာပေါ့။ အဲဒီနိုင်ငံတွေ ဘယ်မှာ ပဲတည်ရှိနေသည်ဖြစ်စေ တရားဝင်ပစ်မှတ်ဖြစ်သွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲ နှစ်နှစ်ကျော်လာတဲ့အချိန်မှာ ယူကရိန်းနိုင်ငံက အနောက်နိုင်ငံတွေဆီက F-16 ဂျက်တိုက်လေ ယာဉ်တွေ ရရှိဖို့ ကြိုးပမ်းနေပါတယ်။

 

ဘယ်လ်ဂျီယန်၊ ဒိန်းမတ်၊ နော်ဝေနဲ့ နယ်သာလန်နိုင်ငံတို့ဟာ ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ ကတိပြုထားတဲ့နိုင်ငံတွေဖြစ်သလို မဟာမိတ်နိုင်ငံတွေကလည်း ၎င်းတို့နို်င်ငံတွေထဲမှာ ယူက ရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားခွင့်ပြုသွားမယ်လို့ ကတိပြုထားပါတယ်။

 

Ref: Putin says Russia will not attack NATO, but F-16s will be shot down in Ukraine

 

#PeopleMedia


Share this post