• Follow Us on

Home ရဲဇာနည်နှင့် Yangon Police Facebook စာမျက်နှာများကို Facebook ဖယ်ရှား

ရဲဇာနည်နှင့် Yangon Police Facebook စာမျက်နှာများကို Facebook ဖယ်ရှား

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် ရဲဇာနည်လူမှုကွန်ယက်စာမျက်နှာနှင့် Yangon Police လူမှုကွန်ယက်စာမျက်နှာတို့ကို Facebook က ဖယ်ရှားလိုက်သည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန်ရေးအတွက် အသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာများသည် ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သတင်းထုတ်ပြန်ချက်များနှင့် မှုခင်းဖြစ်စဉ်များကို ဖော်ပြလျက်ရှိသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာနှင့် MRTV ၏ လူမှုကွန်ယက်စာမျက်နှာတို့ သက်ဆိုင်ရာ Facebook ကုမ္ပဏီက ဖယ်ရှားခဲ့ပြီးနောက် ယခု မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာများပါ ဆက်လက်ဖယ်ရှားခံရခြင်းဖြစ်သည်။

 

#PeopleMedia #MyanmarPolice

 

(unicode)

……………………………………….





#PeopleMedia #MyanmarPolice


Share this post