• Follow Us on

Home သခင်မြပန်းခြံအနီး၊ Omini Focus ပိုင် YBS-56 ယာဉ်လိုင်းဂိတ်အနီး၌ မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ယာဉ် တစ်ချို့ ပျက်စီး

သခင်မြပန်းခြံအနီး၊ Omini Focus ပိုင် YBS-56 ယာဉ်လိုင်းဂိတ်အနီး၌ မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ယာဉ် တစ်ချို့ ပျက်စီး

Share this post

ရန်ကုန်၊ ဇန်နဝါရီလ ၁၃ (People Media)

 

ရန်ကုန်တိုင်ဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံဘေး Omini Focus ပိုင် YBS-56 ယာဉ်လိုင်းဂိတ်အနီးတွင် ယနေ့ နံနက်အစောပိုင်းအချိန်က မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ယာဉ်တစ်ချို့ ထိခိုက်ပျက်စီးသွားကြောင်း သိ ရသည်။

 

မိုင်းထောင်ဖောက်ခွဲခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ မရှိသော်လည်း ခရီးသည်တင် ယာဉ်တစ်ချို့ မှန်ကွဲခြင်းနှင့် ယာဉ်အောက်ပိုင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယနေ့ ဖောက်ခွဲခံရသည့် YBS-56 ယာဉ်လိုင်းသည် ပြည်သူများ အားထားနေရသည့် ခရီးသည်တင် ယာဉ်လိုင်း ဖြစ်ပြီး၊ ယာဉ်စီးခမှာ (၁၀၀) ကျပ်သာ ကောက်ခံနေလျက်ရှိသည့် ယာဉ်လိုင်းဖြစ်သည်။

 

အဆိုပါ ဖောက်ခွဲမှုနှင့် ပတ်သက်ပြီး၊ Special Task Agency of Burma – STA ထုတ်ပြန်ထားရာတွင် အလုံ မြို့နယ်၊ သခင်မြပန်းခြံဘေး Omini Focus ပိုင် YBS-56 ယာဉ်လိုင်းအား ယနေ့ နံနက်ခင်းအစောပိုင်း အချိန်တွင် အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း Omini Focus ပိုင် YBS-20 ယာဉ်တစ်စီး ကြည့်မြင်တိုင် မြို့နယ်၊ ဆင်မလိုက်မှတ်တိုင်အနီး မီးရှို့ဖျက်ဆီးခံခဲ့ရသလို တောင်ဒဂုံတွင် Omini Focus ပိုင် YBS တစ်စီး ဖျက်ဆီးခံခဲ့ရသေးသည်။

 

Photo – (ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #OminiFocus

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #OminiFocus


Share this post