• Follow Us on

Home ဧပြီလ ၁ ရက်နေ့မတိုင်ခင် သတင်းမပို့ရင် ရဲချုပ်ကြီးဆူရာချိတ် အဖမ်းခံရနိုင်ဖွယ်ရှိ

ဧပြီလ ၁ ရက်နေ့မတိုင်ခင် သတင်းမပို့ရင် ရဲချုပ်ကြီးဆူရာချိတ် အဖမ်းခံရနိုင်ဖွယ်ရှိ

Share this post

နိုင်ငံတကာ၊ မတ် ၂၉

 

ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးခံဖို့အတွက် ဧပြီလ ၁ ရက်နေ့မတိုင်ခင် ရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေထံ သတင်းမပို့ခဲ့ရင် အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ်ကြီးဆူရာချိတ်ဟတ်ပန်းအ နေနဲ့ အဖမ်းခံရနိုင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ကြာသပတေးနေ့ (မတ်လ ၂၈ ရက်နေ့) က ပြောပါတယ်။

 

သမ္ဗာန်စာနှစ်စောင်ထုတ်ပြီး ဆင့်ခေါ်ခဲ့ပေမဲ့ လာရောက်ခြင်းမရှိတဲ့အတွက် အခု တတိယမြောက်သမ္ဗာန်စာ ထုတ်ပြီး ဆူရာချိတ်ကို ဆင့်ခေါ်ထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

 

တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ စီနီယာအကျဆုံး ဒုတိယအကြီးအကဲဖြစ်တဲ့ ရဲချဲပ်ကြီးဆူရာချိတ်ကို BNK Master လောင်းကစားဝက်ဆိုက်နဲ့ ဆက်စပ်ပြီး ငွေကြေးခဝါချမှုနဲ့ မကြာသေးခင်ကပဲ စွဲချက်တင်ထားပါတယ်။

 

ဆူရာချိတ်ဟာ အွန်လိုင်းလောင်းကစားလုပ်သူတွေအသုံးပြုနေတဲ့ ဘဏ်အကောင့်တစ်ခုနဲ့ ချိတ်ဆက်နေတယ် လို့ စုံစမ်းစစ်ဆေးရေးရဲအရာရှိတွေက ပြောပါတယ်။

 

ရဲချုပ်ကြီးဆူရာချိတ်ဟာ ငွေကြေးခဝါချမှုတွေကို ပူးပေါင်းကြံစည်နေသလို အစိုးရထိပ်တန်းအရာရှိကြီးတစ်ဦး အနေနဲ့လည်း ငွေကြေးခဝါချမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

 

အခု တတိယအကြိမ်သမ္ဗာန်စာဆင့်ခေါ်မှုအရ ရဲချုပ်ကြီးဆူရာချိတ်ဟာ အမှတ် ၂ မက်ထရိုပီလီတန်ရဲတပ်ဖွဲ့ တိုင်း ဌာနချုပ်ကို ဧပြီလ ၁ ရက်နေ့မတိုင်ခင် သွားရောက်သတင်းပို့ပြီး စစ်ဆေးခံရမှာဖြစ်ပါတယ်။

 

ဆူရာချိတ်အနေနဲ့ သွားရောက်စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့ရင် စုံစမ်းစစ်ဆေးရေးအရာရှိတွေက တရားရုံးမှာ ဖမ်း ဝရမ်းတင်ပြတောင်းခံပြီး ဆူရာခိတ်ကို လာရောက်ဖမ်းဆီးနိုင်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့က ဒုတိယမြောက် သမ္ဗာန်စာကို ဘန်ကောက်မှာရှိတဲ့ ဆူရာချိတ်ရဲ့အိမ်မှာ ကပ်ထားခဲ့ပြီး မတ်လ ၂၆ ရက်နေ့မတိုင်ခင် လာရောက်စစ်ဆေးခံဖို့ ဆင့်ခေါ်ခဲ့ပါတယ်။

 

ဒါပေမဲ့ ဆူရာချိတ်က အဲဒီဘန်ကောက်လိပ်စာမှာ ၎င်းအနေနဲ့ နေထိုင်ခြင်းမရှိတော့တဲ့အတွက် ချိန်းဆိုထားတဲ့ နေ့မှာ လာရောက်နိုင်ခြင်းမရှိတာဖြစ်ကြောင်း ပြောပါတယ်။ ပထမအကြိမ် သမ္ဗာန်စာတုန်းကလည်း မတ်လ ၂၁ ရက်နေ့မတိုင်ခင် လာရောက်ဖို့ ဆင့်ခေါ်ခဲ့ပေမဲ့ ဆူရာချိတ် က လာရောက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ် ဗုဒ္ဓဟူးနေ့တုန်းကတော့ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်အမိန့်အရ ဆူရာချိတ်ရော ရဲတပ် ဖွဲ့အကြီးအကဲဖြစ်တဲ့ ရဲချုပ်ကြီး ထောဆတ် ဆတ်ဗီမိုလ်ကိုရော ဝန်ကြီးချုပ်ရုံးမှာရှိတဲ့ ဌာနလက်ကိုင်မရှိဌာနကို ပြောင်းရွှေ့ထားခဲ့ပါတယ်။

 

Ref: Surachate could be arrested if he did not report to police before April 1

 

#PeopleMedia


Share this post