• Follow Us on

Home အေမရိကန္သမၼတေ႐ြးေကာက္ပြဲေန႔တြင္ အိမ္တြင္သာေနရန္ အလိုအေလ်ာက္ဖုန္းေျဖစနစ္ျဖင့္ ထူးျခားေသာ တိုက္တြန္းမႈ႐ွိေန

အေမရိကန္သမၼတေ႐ြးေကာက္ပြဲေန႔တြင္ အိမ္တြင္သာေနရန္ အလိုအေလ်ာက္ဖုန္းေျဖစနစ္ျဖင့္ ထူးျခားေသာ တိုက္တြန္းမႈ႐ွိေန

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၄

ေ႐ြးေကာက္ပြဲေန႔တြင္ အေမရိကန္ႏိုင္ငံတလႊားမွျပည္သူမ်ားကို အိမ္တြင္သာေနရန္ အလိုအေလ်ာက္ဖုန္းေျဖ စနစ္ျဖင့္ထူးျခားေသာတိုက္တြန္းမႈကို အေမရိကန္ျပည္ေထာင္စုစံုစမ္းေထာက္လွမ္းေရးဗ်ဴ႐ို(အက္ဖ္ဘီအိုင္)က စံုစမ္းစစ္ေဆးေနသည္။

အိမ္တြင္သာေဘးကင္းလံုျခံဳစြာေနရန္ အလိုအေလ်ာက္ဖုန္းေျဖၾကားမႈစနစ္ျဖင့္ေခၚဆိုမႈလက္ခံရခဲ့သည္ဟု မဲဆႏၵ႐ွင္သန္းခ်ီကေျပာေနသည္။

လက္႐ွိရီပတ္ဘလစ္ကန္သမၼတ ေဒၚနယ္ ထရမ့္ႏွင့္ ဒီမိုကရတ္သမၼတေလာင္း ဂ်ိဳး ဘိုင္ဒန္ တို႔ပါ၀င္ေနေသာ ၿပီးခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း ကြဲျပားမႈအျပင္းထန္ဆံုးသမၼတေ႐ြးေကာက္ပြဲအတြက္ အေမရိကန္ႏိုင္ငံ သားမ်ား အဂၤါေန႔တြင္မဲေပးခဲ့ၾကသည္။

ေခၚဆိုမႈမူလေနရာကို မ႐ွင္းလင္းေသးဘဲ အခ်ိဳ႕ဖုန္းေခၚဆိုမႈမ်ားတြင္ မဲသြားေပးရန္ရည္ၫႊန္းေျပာဆိုျခင္း မပါ၀င္ေပ။

ေ႐ြးေကာက္ပြဲအတြက္ အဓိကၿပိဳင္ဆိုင္မႈျပင္းထန္ေသာျပည္နယ္မ်ားထဲတြင္ပါသည့္မစ္ခ်ီဂန္တြင္ လူတန္း ႐ွည္သျဖင့္ ေနာက္တေန႔မွမဲသြားေပးရန္ အလိုအေလ်ာက္ဖုန္းေျဖၾကားမႈျဖင့္ တိုက္တြန္းေသာ ဖုန္းေခၚဆိုမႈမ်ား ႐ွိေနသျဖင့္ အာဏာပိုင္မ်ားက စိုးရိမ္ေနၾကသည္။

ထိုျဖစ္ရပ္မ်ားအေၾကာင္းသိရွိသည္ဟု အက္ဖ္ဘီအိုင္ကေျပာေသာ္လည္း ေနာက္ထပ္မွတ္ခ်က္တစံုတရာ မျပဳေခ်။

Ref : US election: Mystery robocalls urge voters to ‘stay home’

#PeopleMedia

(unicode)
အမေရိကန်သမ္မတရွေးကောက်ပွဲနေ့တွင် အိမ်တွင်သာနေရန် အလိုအလျောက်ဖုန်းဖြေစနစ်ဖြင့် ထူးခြားသော တိုက်တွန်းမှုရှိနေ
…………………………………………..

ဝါရှင်တန်၊ နိုဝင်ဘာ ၄

ရွေးကောက်ပွဲနေ့တွင် အမေရိကန်နိုင်ငံတလွှားမှပြည်သူများကို အိမ်တွင်သာနေရန် အလိုအလျောက်ဖုန်းဖြေ စနစ်ဖြင့်ထူးခြားသောတိုက်တွန်းမှုကို အမေရိကန်ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို(အက်ဖ်ဘီအိုင်)က စုံစမ်းစစ်ဆေးနေသည်။

အိမ်တွင်သာဘေးကင်းလုံခြုံစွာနေရန် အလိုအလျောက်ဖုန်းဖြေကြားမှုစနစ်ဖြင့်ခေါ်ဆိုမှုလက်ခံရခဲ့သည်ဟု မဲဆန္ဒရှင်သန်းချီကပြောနေသည်။

လက်ရှိရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် ဒီမိုကရတ်သမ္မတလောင်း ဂျိုး ဘိုင်ဒန် တို့ပါဝင်နေသော ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ကွဲပြားမှုအပြင်းထန်ဆုံးသမ္မတရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံ သားများ အင်္ဂါနေ့တွင်မဲပေးခဲ့ကြသည်။

ခေါ်ဆိုမှုမူလနေရာကို မရှင်းလင်းသေးဘဲ အချို့ဖုန်းခေါ်ဆိုမှုများတွင် မဲသွားပေးရန်ရည်ညွှန်းပြောဆိုခြင်း မပါဝင်ပေ။

ရွေးကောက်ပွဲအတွက် အဓိကပြိုင်ဆိုင်မှုပြင်းထန်သောပြည်နယ်များထဲတွင်ပါသည့်မစ်ချီဂန်တွင် လူတန်း ရှည်သဖြင့် နောက်တနေ့မှမဲသွားပေးရန် အလိုအလျောက်ဖုန်းဖြေကြားမှုဖြင့် တိုက်တွန်းသော ဖုန်းခေါ်ဆိုမှုများ ရှိနေသဖြင့် အာဏာပိုင်များက စိုးရိမ်နေကြသည်။

ထိုဖြစ်ရပ်များအကြောင်းသိရှိသည်ဟု အက်ဖ်ဘီအိုင်ကပြောသော်လည်း နောက်ထပ်မှတ်ချက်တစုံတရာ မပြုချေ။

Ref : US election: Mystery robocalls urge voters to ‘stay home’

#PeopleMedia


Share this post