• Follow Us on

Home ချောင်းဦးမြို့နယ်၌ လုံခြုံရေးယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PDF အဖွဲ့ဝင်များ လက်နက်များနှင့်အတူ ဖမ်းဆီးခံရ

ချောင်းဦးမြို့နယ်၌ လုံခြုံရေးယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PDF အဖွဲ့ဝင်များ လက်နက်များနှင့်အတူ ဖမ်းဆီးခံရ

Share this post

မုံရွာ၊ နိုဝင်ဘာ ၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ ပြီးခဲ့သည့်ရက်ပိုင်းက လုံခြုံရေးယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့် ချောင်းဦး PDF အဖွဲ့ဝင်များသည် လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံများ၏ ပြောဆို ချက်အရ သိရပါတယ်။

 

နိုဝင်ဘာ ၅ ရက်နေ့က ဆင်ဖြူရှင်-ချောင်းဦးကားလမ်း၌ လုံခြုံရေးယာဉ်တန်းကို ချောင်းဦး PDF အဖွဲ့က မိုင်း ဆွဲတိုက်ခိုက်ခဲ့ပါတယ်။

 

“ချောင်းဦး PDF အဖွဲ့ဝင် ၅ ယောက်လောက်ရှိတယ်။ လက်နက်တွေရော ဖောက်ခွဲရေးပစ္စည်းတွေရော ဖမ်းမိ တယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဒေသခံအချို့က ပြောဆိုပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မြောင်မြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းနေဆဲ ဖြစ်သည့်ဒေသတစ်ခုဖြစ်ပြီး လုံခြုံရေးယာဉ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရသည့် ဒေသတစ်ခုဖြစ်ပါ တယ်။

 

#PeopleMedia #ချောင်းဦးမြို့ #PDF

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post