• Follow Us on
Latest News

Home မြစ်ကြီးနားတွင် ယခင်ရွေးကောက်ပွဲများ၌ အသုံးပြုခဲ့သည့်မဲလက်မှတ်များနှင့် စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး

မြစ်ကြီးနားတွင် ယခင်ရွေးကောက်ပွဲများ၌ အသုံးပြုခဲ့သည့်မဲလက်မှတ်များနှင့် စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ – ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန့်ကျင်ကျေးရွာအနီးရှိ မြို့နယ်စည်ပင်ပိုင် စွန့်ပစ်အမှိုက်ပုံ၌ ယနေ့ ဇန်န ဝါရီလ ၉ ရက်နေ့တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲက အသုံးပြုခဲ့သည့် မဲလက်မှတ်များနှင့် စာရွက်စာတမ်းအဟောင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ က မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါရွေးကောက်ပွဲများ၏ မဲလက်မှတ်များအပါအဝင် စာရွက်စာတမ်းအဟောင်းများကို ပြည်သူ့လွှတ်တော် နည်း ဥပဒေပုဒ်မ ၈၆/ခ အရ သိမ်းဆည်းခဲ့ပြီး လုပ်ထုံးလုပ်နည်းအတိုင်း မီးရှို့ဖျက်ဆီးရခြင်းဖြစ်သည်ဟု မြစ် ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတန်ဂွန်း ယခုကဲ့သို့ ရှင်းပြသည်။

“၂၀၁၅ အ‌‌ထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲက စာရွက်စာတမ်းအဟောင်းတွေ ဖြစ်ပါ တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကနေ ညွှန်ကြားချက်လဲရှိတယ်။ နောက်ပြီး ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းဥပ‌ဒေအရပေါ့ ပြည်သူ့လွှတ်တော်နည်းဥပဒေ ပုဒ်မ ၈၆/ခ အရ စာရွက်စာတန်းအဟောင်းတွေ ကို နောက်ရွေး‌ကောက်ပွဲပြီးတဲ့အထိ သိမ်းထားရမယ်ဆိုတဲ့ နည်းဥပဒေရှိပါတယ် အဲ့တော့ ကျွန်တော်တို့ နောက် ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲပြီးသွားပြီဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တဲ့ကိစ္စ ပါ” ဟု ၎င်းက ပြောသည်။

ယနေ့ မီးရှို့ဖျက်ဆီးခဲ့သည့်အရာများတွင် ၂၀၁၅ ခုနှစ်၊ အထွေ‌ထွေရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများမှ မဲလက်မှတ်များအပါအဝင်၊ စာရွက်စာတန်းအဟောင်းများ ပါဝင်သည့် ဆာလာအိတ်ပေါင်း ၂၃၆ ခန့်ရှိသည်ကို တွေ့ရသည်။

မီးရှို့ဖျက်ဆီးရာသို့ မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့၉ ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၄ နာရီကျော် အကြာ မီးရှို့ဖျက်ဆီးခဲ့သည်။

ရှိုးကို

#PeopleMedia #မြစ်ကြီးနား

(unicode)
…………………………………………………………










Share this post