• Follow Us on

Home ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဘဂၤါလီမ်ား၀င္ေရာက္ေ႐ြးေကာက္ခံႏိုင္ေရး ျမန္မာႏိုင္ငံကို တိုက္တြန္း

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဘဂၤါလီမ်ား၀င္ေရာက္ေ႐ြးေကာက္ခံႏိုင္ေရး ျမန္မာႏိုင္ငံကို တိုက္တြန္း

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၄

ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို အမ်ိဳးသာစိစစ္ေရးကတ္(NVC) လုပ္ငန္းမ်ား ဖ်က္သိမ္းေပးရန္ႏွင့္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္ခြင့္ဥပေဒကို ျပင္ဆင္ၿပီး ေ႐ြးေကာက္ပြဲ၀င္ခြင့္ျပဳရန္ Fortify Rights အဖြဲ႔ကတိုက္တြန္းလိုက္သည္။

“ကိုယ္ပိုင္လကၡဏာနဲ႔ႏိုင္ငံသားျဖစ္ခြင့္ေတြကို ျငင္းဆိုတယ္ဆိုတာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြရဲ႕အေမွာင္ဘ က္ျခမ္းက အူတိုင္ေတြျဖစ္ၿပီး ႏိုင္ငံတကာအသိုက္အ၀န္းအေနနဲ႔ ဒီအခ်က္ကိုအသိအမွတ္ျပဳၿပီး ခ်က္ခ်င္းအေရး ယူေဆာင္႐ြက္ရပါမယ္” ဟု Fortify Rights အဖြဲ႔ပူးတြဲတည္ေထာင္သူႏွင့္ အမႈေဆာင္အရာ႐ွိခ်ဳပ္ မက္သယူး စမစ္ကေျပာသည္။

လာမည့္အေထြေထြေ႐ြးေကာက္ပြဲတြင္ ဘဂၤါလီမ်ားဦးေဆာင္သည့္ႏိုင္ငံေရးပါတီေတြမ်ားတြင္ ကိုယ္စားလွယ္ ေလာင္းတင္သြင္းခြင့္႐ွိေၾကာင္း ေသခ်ာေစရန္လုပ္ေပးသင့္ေၾကာင္း ၾကာသပေတးေန႔တြင္ေျပာသည္။

စစ္ေတြခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရးပါတီမွဘဂၤါလီပါတီ၀င္အဗၺဒူ ရာ႐ွစ္၏ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းမႈကို ပယ္ခ်ခဲ့ၿပီးေနာက္ ယခုကဲ့သို႔တိုက္တြန္းျခင္းျဖစ္သည္။

ရာ႐ွစ္သည္ ႏို၀င္ဘာ ၈ ရက္တြင္က်င္းပရန္စီစဥ္ထားသည့္ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္းအျဖ စ္ပယ္ခ်ခံရသည့္ ပထမဆံုးဘဂၤါလီအမ်ိဳးသားျဖစ္သည္။

ဘဂၤါလီတစ္ဒါဇင္ေက်ာ္ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ထံ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းထား သည္ဟု Fortify Rights ကေျပာသည္။

“ဘဂၤါလီေတြကို သူတို႔က လႊတ္ေတာ္ထဲမေရာက္ေစခ်င္ဘူး။ ဒါ အခုလိုျဖစ္လာရတဲ့တစ္ခုတည္းေသာအေၾကာင္ းရင္းပါပဲ” ဟု ရာ႐ွစ္က Fortify Rights အဖြဲ႔ကိုေျပာသည္။

ရာ႐ွစ္၏ကိုယ္စားလွယ္ေလာင္းတင္သြင္းလႊာကို ပယ္ခ်ရာတြင္ “သူေမြးဖြားခ်ိန္၌ မိဘ ၂ ဦးစလံုး ျမန္မာႏိုင္ငံ သားျဖစ္ေနျခင္းမ႐ွိ”ဟု စစ္ေတြခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မ႐ွင္၏စာတြင္ပါ၀င္သည္။

Ref : Myanmar urged to ensure Rohingyas in polls

#PeopleMedia

(unicode)
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂါလီများဝင်ရောက်ရွေးကောက်ခံနိုင်ရေး မြန်မာနိုင်ငံကို တိုက်တွန်း
…………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၄

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို အမျိုးသာစိစစ်ရေးကတ်(NVC) လုပ်ငန်းများ ဖျက်သိမ်းပေးရန်နှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ပြုရန် Fortify Rights အဖွဲ့ကတိုက်တွန်းလိုက်သည်။

“ကိုယ်ပိုင်လက္ခဏာနဲ့နိုင်ငံသားဖြစ်ခွင့်တွေကို ငြင်းဆိုတယ်ဆိုတာ လူမျိုးတုန်းသတ်ဖြတ်မှုတွေရဲ့အမှောင်ဘ က်ခြမ်းက အူတိုင်တွေဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီအချက်ကိုအသိအမှတ်ပြုပြီး ချက်ချင်းအရေး ယူဆောင်ရွက်ရပါမယ်” ဟု Fortify Rights အဖွဲ့ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မက်သယူး စမစ်ကပြောသည်။

လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂါလီများဦးဆောင်သည့်နိုင်ငံရေးပါတီတွေများတွင် ကိုယ်စားလှယ် လောင်းတင်သွင်းခွင့်ရှိကြောင်း သေချာစေရန်လုပ်ပေးသင့်ကြောင်း ကြာသပတေးနေ့တွင်ပြောသည်။

စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်က ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှဘင်္ဂါလီပါတီဝင်အဗ္ဗဒူ ရာရှစ်၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကို ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့တိုက်တွန်းခြင်းဖြစ်သည်။

ရာရှစ်သည် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပရန်စီစဉ်ထားသည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြ စ်ပယ်ချခံရသည့် ပထမဆုံးဘင်္ဂါလီအမျိုးသားဖြစ်သည်။

ဘင်္ဂါလီတစ်ဒါဇင်ကျော် ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထား သည်ဟု Fortify Rights ကပြောသည်။

“ဘင်္ဂါလီတွေကို သူတို့က လွှတ်တော်ထဲမရောက်စေချင်ဘူး။ ဒါ အခုလိုဖြစ်လာရတဲ့တစ်ခုတည်းသောအကြောင် းရင်းပါပဲ” ဟု ရာရှစ်က Fortify Rights အဖွဲ့ကိုပြောသည်။

ရာရှစ်၏ကိုယ်စားလှယ်လောင်းတင်သွင်းလွှာကို ပယ်ချရာတွင် “သူမွေးဖွားချိန်၌ မိဘ ၂ ဦးစလုံး မြန်မာနိုင်ငံ သားဖြစ်နေခြင်းမရှိ”ဟု စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်၏စာတွင်ပါဝင်သည်။

Ref : Myanmar urged to ensure Rohingyas in polls

#PeopleMedia


Share this post