Latest International News in Myanmar
အလုပ်သမားအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုလျော့ကျလာနိုင်သည့် အင်ဒိုနီးရှား အလုပ်အကိုင်ဥပဒေသစ်ကို လူထောင်ချီဆက်လက်ဆန္ဒပြ
ဂျာကာတာ၊ နိုဝင်ဘာ ၂ အလုပ်သမားအခွင့်အရေးများယုတ်လျော့လာပြီး သဘာဝပတ်ဝန်းကျင်ကာကွယ်မှုအားနည်းသည်ဟု ဝေဖန်သူများကပြောသောအလုပ်သမားဥပဒေသစ်ကို ဆန့်ကျင်သောအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် တနင်္လာနေ့၌ အလုပ်သမားထောင်ချီဆက်လက်ဆန္ဒပြနေသည်။ အနောက်နှင့်အရှေ့ဂျာဗားပြည်နယ်များမှအလုပ်သမားထောင်ချီက သမ္မတအိမ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနီးတွင် အကြီးအကျယ်ဆန္ဒထုတ်ဖော်နေကြောင်း အင်ဒိုနီးရှားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကပြောသည်။ ယိုဂျာကာတာ၊ ဘန်ဒါအေ့ဂ်ျ၊ မီဒန်နှင့် မာကတ်ဆာမြို့တို့တွင်လည်း ဆန္ဒပြမှုများရှိနေသည်။ […]
Read Moreအိန္ဒိယတပ်ဖွဲ့များပစ်ခတ်မှုကြောင့် ကတ်ရှ်မီးယားသူပုန်ထိပ်တန်းခေါင်းဆောင်သေဆုံး
ဆရင်နာဂါ၊ နိုဝင်ဘာ ၂ အိန္ဒိယအစိုးရတပ်ဖွဲ့များနှင့်ရင်ဆိုင်ပစ်ခတ်ကြပြီးနောက် ကတ်ရှ်မီးယားဒေသမှထိပ်တန်းသူပုန်ခေါင်း ဆောင်တစ်ယောက် သေဆုံးခဲ့ကြောင်း ရဲများက အတည်ပြုခဲ့ပြီး အိန္ဒိယအုပ်ချုပ်မှုကိုတွန်းလှန် နေကြသည့်သူပုန်များ၏ရေရှည်တိုက်ပွဲကို အဓိကအောင်နိုင်မှုတရပ်အဖြစ်ပြောသည်။ သေဆုံးသည့်တပ်မှူး ဆိုင်ဖူလာ မားသည် ဒေသတွင်းအကြီးဆုံးသူပုန်အဖွဲ့ ဟစ်ဇ်ဘူ မူဂျာဟစ်ဒင် ၏စစ်ဆင်ရေးအကြီးအကဲဖြစ်သည်။ ဆိုင်ဖူလာ […]
Read Moreအပေါ့စားသေနတ်များ၊ ဒုံးပျံများနှင့် ဗုံးများအပါအ၀င် အိန္ဒိယကတောင်းဆိုသောလက်နက်များကို ရုရှားဖြည့်ဆည်းပေးမည်
နယူးဒေလီ၊ နိုဝင်ဘာ ၂ ဇွန်လတွင်အိန္ဒိယနိုင်ငံကတောင်းဆိုခဲ့သောကာကွယ်ရေးပစ္စည်းများကို ရုရှားနိုင်ငံက ဖြည့်ဆည်းပေးမည်ဟုထုတ်ပြန်သည်။ အိန္ဒိယတောင်းဆိုသောကာကွယ်ရေးပစ္စည်းများတွင် အပေါ့စားသေနတ်များ၊ ဒုံးပျံများနှင့် ဗုံးများပါဝင်သည်ဟု ထိုဖြစ်ရပ်ကိုအတည်ပြုသောအိန္ဒိယသတင်းရင်းမြစ်များကပြောသည်။ အိန္ဒိယတောင်းဆိုမှုကိုဖြည့်ဆည်းရန် နွေရာသီတွင် စာချုပ်အများအပြားလက်မှတ်ရေးထိုးခဲ့ပြီး ပို့ဆောင်မည့်ရက်ကိုမသိရသေးသော်လည်း ၂၀၂၁ ခုနှစ်၊ […]
Read Moreအတည်ပြုလူနာနှင့် ထိတွေ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် အသွားအလာ ကန့် သတ်စောင့်ကြည့်မှုခံယူနေ
ဂျီနီဗာ၊ နိုဝင်ဘာ ၂ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုသူတယောက်နှင့်ထိတွေ့သဖြင့် အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူနေကြောင်းနှင့် ရောဂါလက္ခဏာမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O) ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီးစပ်စ်က တနင်္ဂနွေနေ့တွင်ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လုပ်ထုံးလုပ်နည်းများအတိုင်း အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေပြီး အိမ်မှအလုပ်လုပ်သွားမည်ဟုလည်းပြောသည်။ […]
Read Moreထိုင်းဆန္ဒပြသူများ ထိုင်းဘုရင့်သမီးတော်၏ အ၀တ်အစားအမှတ်တံဆိပ်ကို ဆန့်ကျင်ဆန္ဒပြ
ဘန်ကောက်၊ အောက်တိုဘာ ၃၀ ထိုင်းဘုရင်မဟာဝိဇယလောင်ကွန်း၏သမီးတော် ဆီရီဗာနာဗာရီ နာရီယာတာနာ ပိုင်ဆိုင်သည့်တော်ဝင်ဖက်ရှင်အမှတ်တံဆိပ်တခုကိုဆန့်ကျင်ကြောင်း ထိုင်းဆန္ဒပြသူများက ကြာသပတေးနေ့တွင် သရုပ်ပြခဲ့သည်။ ထိုမင်းသမီး၏ဖက်ရှင်အမှတ်တံဆိပ် ဆီရီဗာနာဗာရီ ၏ ဆောင်းရာသီဒီဇိုင်းစုစည်းမှုအသစ်များကို ကြာသပတေးနေ့က ဘန်ကောက်တွင် မိတ်ဆက်ရန်စီစဉ်ထားချိန်တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ […]
Read More




