Latest International News in Myanmar
အတိတ်ကလုပ်ရပ်များကြောင့် ပြင်သစ်နိုင်ငံသားသန်းချီကိုသတ်ခွင့် မွတ်ဆလင်များတွင်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ပြော
ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၀ အတိတ်ကာလက လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ပြင်သစ်နိုင်ငံသားသန်းချီကို မွတ်ဆလင်များကသတ်ခွင့်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က တွစ်တာတွင်ပြောခဲ့ပြီးနောက်ပိုင်း ဒေါသတကြီးတုံ့ပြန်ပြောဆိုမှုများရှိနေသည်။ ကြာသပတေးနေ့တွင် ပြင်သစ်နိုင်ငံ၌ အမျိုးသမီးကြီးတယောက် ခေါင်းဖြတ်ခံရလုနီးပါးဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် မဟာသီယာက ယခုမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ […]
Read Moreပြင်သစ်ခရစ်ယာန်ဘုရားကျောင်းမှ လူ ၃ ယောက်ကိုသတ်ဖြတ်ခံရပြီးနောက် ဘုရားကျောင်းများနှင့် စာ သင်ကျောင်းများကို လုံခြုံရေးတိုးမြှင့်မည်ဟု ပြင်သစ်သမ္မတကတိပြု
နိုက်စ်၊ အောက်တိုဘာ ၃၀ ပြင်သစ်နိုင်ငံတောင်ပိုင်းနိုက်စ်မြို့တွင် ကြာသပတေးနေ့က ခရစ်ယာန်ဘုရားကျောင်းတခုအတွင်း အသက် ၆၀ အရွယ်အမျိုးသမီးတယောက်ကို ခေါင်းဖြတ်ရန်ကြိုးစားမှုအပါအ၀င် လူ ၃ ယောက်ကို ဓားကိုင်လူတယောက်က သတ်ဖြတ်မှုသည် အစ္စလာမ်မစ်အကြမ်းဖက်တိုက်ခိုက်မှုဟု ပြင်သစ်သမ္မတ အီမန်နျုရယ် မက်ခရွန်က ပြော […]
Read Moreအမေရိကန်ကုမ္ပဏီများကိုပိတ်ဆို့အရေးယူမည်ဟု တရုတ်တုံပြန်မှုကို အမေရိကန်ကအလေးမထားဟုဆို
ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ထိုင်ဝမ်ကို အမေရိကန်ကုမ္ပဏီများက လက်နက်ရောင်းချမှုကြောင့် ပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု တရုတ်နိုင်ငံကပြောဆိုခြင်းအပေါ် အမေရိကန်က အလေးမထားကြောင်း အမေရိကန်အရာရှိကြီးတယောက်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ တရုတ်နိုင်ငံသည် ဒေသတည်ငြိမ်ရေးကို နှောင့်ယှက်နေကြောင်းလည်း ပြောသည်။ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာသန်း ၂၀၀၀ နီးပါးတန်ဖိုးရှိဒုံးကျည်များရောင်းချမှုကြောင့် […]
Read Moreထိုင်ဝမ်အရှေ့ပိုင်း၌ အက်ဖ်-၅ ဂျက်တိုက်လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ်မှူးသေဆုံး
နိုင်ငံတကာ၊ အောက်တိုဘာ ၂၉ ယနေ့နံနက်ပိုင်းက ထိုင်ဝမ်ကျွန်းအရှေ့ပိုင်း တိုင်တန်စီရင်စုအလွန်၌ အက်ဖ်-၅ အီး ဂျက်တိုက်လေယာဉ် တစ်စင်း မစ်ရှင်တစ်ခု ထမ်းဆောင်နေစဉ် ပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ လေယာဉ်ကွင်းမှ […]
Read Moreမဟာဗျူဟာမြောက်တိုက်ခိုက်ရေးလက်နက်များလျှော့ချမှု သက်တမ်းတိုးရန် အမေရိကန်နှင့် ဆက်လက် ဆွေးနွေးသွားမည်ဟု ရုရှားပြော
မော်စကို၊ အောက်တိုဘာ ၂၈ မဟာဗျူဟာမြောက်လက်နက်များထပ်မံလျှော့ချရေးနှင့်ကန့်သတ်ရေးအစီအမံများ(နယူးစတာ့)ကို သက်တမ်းထပ်တိုးရန်ဆွေးနွေးမှုများတွင် ရုရှားဘက်က ဆက်လက်ပါဝင်သွားမည်ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေး ရီယာကော့ဗ်က အင်္ဂါနေ့တွင်ပြောသည်။ “ဆွေးနွေးမှုတွေဆိုတာကတော့ အမြဲတမ်းလိုနေတာပဲ။ ဒီဆွေးနွေးမှုဆက်လုပ်ဖို့လည်း ကျွန်တော်တို့ဘက်ကအကြံပြုနေမှာပဲ။ ဒါပေမဲ့ ခဏခဏပြောပြီးသား၊ စာရွက်ပေါ်မှာရှိပြီးသားအမြင်တွေကိုဖလှယ်တာထက် အဖြေတခုရှာတဲ့ဆွေးနွေးမှုတွေကိုလိုချင်တာပါ”ဟု သူကပြောသည်။ […]
Read More




