Latest Myanmar Politics News
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား ရှောင်တာနယ်ကို ပြန် လည်လွှတ်ပေးရန် ဇနီးဖြစ်သူ တောင်းဆို
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃ (People Media) ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးဖြစ်သူ သြစတေးလျနိုင်ငံသား ရှောင် တာနယ်ကို အကျဉ်းထောင်မှပြန်လည်လွှတ်ပေးရန် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဇနီးဖြစ်သူက ထပ်မံတောင်း ဆိုလိုက်သည်။ […]
Read Moreတရားသောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရားသောစစ်သည်မုချအောင်မြင်မည်သာဖြစ်ကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောဆို
နေပြည်တော်၊ ဖေဖော်ဝါရီ ၃ (People Media) တရားသောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရားသောစစ်သည် မုချအောင်မြင်မည်သာဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် ဖားဆောင်း၊ ဘောလခဲ၊ […]
Read Moreကာကွယ်ရေးစွမ်းအားမကောင်းပါက ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်ခံရမည်ဖြစ်ပြီး မိမိတို့စော်ကားခံရလိမ့်မည် ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၃ (People Media) ကာကွယ်ရေးစွမ်းအား မကောင်းပါက ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်ခံရမည်ဖြစ်ပြီး၊ မိမိတို့ စော်ကားခံရလိမ့်မည် ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောသည်။ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထက်ပါ ပြောကြားခဲ့ […]
Read Moreအနာဂတ်ငြိမ်းချမ်းရေးစကားဝိုင်းတွင် မြန်မာ့တပ်မတော်ပါဝင်ရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးဖြေရှင်းချက် များကို တပ်မတော်ကဦးဆောင်ခြင်းမပြုသင့်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်ပြော
မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးဖြစ်စဉ်မျာတွင် မြန်မာစစ်အစိုးရကို ဥပေက္ခာပြုပြီး ဖယ် ထုတ်ထားခြင်း မလုပ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုးလီးဟေဇာက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ […]
Read Moreအလုံမြို့နယ်၊ ကွင်းကျောင်းလမ်းရှိ Mytel အရောင်းဆိုင် ဗုံးခွဲခံရ၊ မိမိတို့ လက်ချက်ဖြစ်ကြောင်း STA အဖွဲ့ ထုတ်ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (People Media) ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းရှိ Mytel အရောင်းဆိုင် ယနေ့ နံနက် ၄ နာရီ ၅၉ မိနစ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုသည် […]
Read More




