• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]
International News

Home International News

Latest International News in Myanmar

လူ့အခွင့်အရေးမြှင့်တင်ရန် မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အမေရိကန်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁   လူ့အခွင့်အရေးလေးစားရန်နှင့် အားလုံးအတွက်အခြေခံအခွင့်အရေးများမွေးမြူရန် မြန်မာအစိုးရသစ်နှင့် ဆက်လက်လက်တွဲလုပ်ဆောင်သွားရန်မျှော်မှန်းထားသည်ဟု အမေရိကန်ပြည်ထောင်စုကပြောသည်။   ကန့်သတ်မှုမရှိသောစီးပွားရေးအကျိုးဖြစ်ထွန်းမှုမြှင့်တင်ရန်၊ ရေရှည်ငြိမ်းချမ်းရေးရရန်လည်း အစိုးရသစ်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟုပြောသည်။   ဒီမိုကရေစီ၊ ဖွံ့ဖြိုးမှုနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကိုလားသည့် မြန်မာနိုင်ငံသားများ၏မိတ်ဖက်အနေဖြင့် အမေရိကန်ပြည်ထောင်စုဆက်လက်ရှိနေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး […]

Read More

အစ္စလာမ်မစ်စစ်သွေးကြွများက မိုဇမ်ဘစ်တွင် လူ ၅၀ ကျော်ကို ခေါင်းဖြတ်သတ်ဖြတ်

မာပူတို၊ နိုဝင်ဘာ ၁၀ အစ္စလာမ်မစ်စစ်သွေးကြွများက မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းတွင် လူ ၅၀ ကျော်ကိုခေါင်းဖြတ်သတ်ခဲ့သည်ဟု အစိုးရမီဒီယာကဖော်ပြသည်။ (ကြမ်းတမ်းသည့်မြင်ကွင်းများကို သရုပ်ဖော်ရေးသားမှုများပါဝင်ကြောင်း စာဖတ်သူများကို အသိပေးလိုပါသည်။) စစ်သွေးကြွများက ရွာတရွာမှရပ်ကွက်ဘောလုံးကွင်းတခုကို ကွက်မျက်ရာနေရာအဖြစ်ပြောင်းလဲခဲ့ပြီး လူများကို ခေါင်းဖြတ်သတ်ခဲ့သည့်အပြင် အလောင်းများကိုလည်း ခုတ်ထစ်ခဲ့ကြသည်ဟု […]

Read More

COVID-19 ရောဂါကူးစက်ခံရသည့်လူနာ ၅ ယောက်လျှင် တယောက်နှုန်း ရက် ၉၀ အတွင်း စိတ်ဝေဒနာတွေ့ ကြုံရလေ့ရှိဟု အမေရိကန်သုတေသနဖော်ပြ

လန်ဒန်၊ နိုဝင်ဘာ ၁၀ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာ ၂၀ ရာခိုင်နှုန်းတွင် ရက် ၉၀ အတွင်း စိတ်ဝေဒနာခံစားရကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု စိတ်ရောဂါဆရာဝန်များက တနင်္လာနေ့တွင်ပြောသည်။ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျမှုနှင့် အိပ်မပျော်ခြင်းတို့သည် သက်သာလာသည့်လူနာများအကြားအတွေ့ရများပြီး ဦးနှောက်ထိခိုက်မှုကြောင့်စိတ်ဖောက်ပြန်သည့်အခြေအနေဖြစ်နိုင်ချေ သိသိသာသာများကြောင်း သုတေသီများတွေ့ရှိခဲ့သည်။ […]

Read More

တရုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘရာဇီးတွင်စမ်းသပ်မှုရပ်ဆိုင်း

ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၀   တရုတ်ကုမ္ပဏီကထုတ်လုပ်နေသည့် ဆင်နိုဗက်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စမ်းသပ်မှုရပ်ဆိုင်းထား သည်ဟု ဘရာဇီးကျန်းမာရေးစည်းကမ်းထိန်းသိမ်းမှုအဖွဲ့က တနင်္လာနေ့တွင်ပြောသည်။   ဆင်နိုဗက်ကုမ္ပဏီကထုတ်လုပ်သည့်ကိုရိုနာဗက်ကာကွယ်ဆေးကို စမ်းသပ်မှုရပ်ဆိုင်းမည်ဆိုသည့်ဖြစ်ရပ်သည် အမေရိကန်ဆေးကုမ္ပဏီကြီး ဖီဇာက ထုတ်လုပ်နေသည့်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းကျော်အစွမ်းထက် ကြောင်းထုတ်ပြန်သည့်နေ့နှင့် တရက်တည်းဖြစ်သည်။ […]

Read More

ရုရှားထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းကျော်အစွမ်းရှိဟုဆို

မော်စကို၊ နိုဝင်ဘာ ၁၀   ရုရှားနိုင်ငံကထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေး စပွတ်ညစ် ၅ သည် ၉၀ ရာခိုင်နှုန်း ကျော်အစွမ်းရှိကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနကိုယ်စားလှယ်တယောက်က တနင်္လာနေ့တွင်ပြောသည်။   စမ်းသပ်နေသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော်အစွမ်းထက်သည်ဟု ဖီဇာနှင့် […]

Read More