Latest International News in Myanmar
ရွေးကောက်ပွဲရလဒ်ပြောင်းလဲရန် ထရမ့်ထောက်ခံသည့်တရားစွဲဆိုမှုကို အမေရိကန်တရားရုံးချုပ်ပယ်ချ
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) အဓိကမဲရလဒ်များကွဲပြားနိုင်သည့်ပြည်နယ် ၄ ခုတွင် ရွေးကောက်ပွဲရလဒ်များပြောင်းလဲရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကကျောထောက်နောက်ခံပေးထားသည့် မကြုံစဖူးကြိုးပမ်းမှုကို အမေရိကန်တရားရုံးချုပ်က ပယ်ချလိုက်သည်။ တက္ကဆက်ပြည်နယ်က ယခုတပတ်တွင်တင်သွင်းသည့်တရားစွဲဆိုမှုတွင် ဂျော်ဂျီယာ၊ […]
Read Moreဖိုင်ဇာ/ဘိုင်ယွန်တက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အမေရိကန်တွင် အရေးပေါ်အသုံးပြုခွင့်ရရှိ
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) အမေရိကန်အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန(FDA)က အမေရိကန်ပြည်ထောင်စုအတွက် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည်။ အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ခြင်းသည် အရေးပေါ်အခြေအနေတရပ်တွင် ဆေးပစ္စည်းတမျိုးကိုအသုံပြုနိုင် ကြောင်း FDA က ခွင့်ပြုပေးခြင်းဖြစ်ပြီး အပြည့်အ၀ခွင့်ပြုခြင်းမဟုတ်သေးချေ။ […]
Read Moreကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရန် တရုတ်လေယာဉ်အမှုထမ်းများကို လူကြီးအနှီးထုပ်များ ၀တ်ဆင်ရန် အကြံပြု
ဘေကျင်း၊ ဒီဇင်ဘာ ၁၁ တရုတ်လေကြောင်းပျံသန်းရေးလုပ်ငန်းကဏ္ဍအတွက် တရုတ်အရပ်သားလေကြောင်းပျံသန်းမှုကြီးကြပ်ကွပ်ကဲ ရေးဌာန(CAAC) က နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည့်ညွှန်ကြားချက်များတွင် လေယာဉ်ပေါ်နှင့် လေဆိပ်များ၌ ကျန်းမာရေးနှင့် အညီညွတ်ဆုံးနေထိုင်ရန် ရေအိမ်အသုံးမပြုစေရေးအတွက် အနှီးထုပ်(Diaper) များဝတ်ဆင်ရန် ပါဝင်သည်။ […]
Read Moreအိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရသည်ဟုအဖြေထွက်လာပြီးနောက် သြစတြေးလျမှ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးစမ်းသပ်မှု လက်လျော့
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၁ စမ်းသပ်မှုတွင်ပါဝင်နေသူတယောက် အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံရကြောင်း မှားယွင်းနေသည့် အဖြေထွက်ခဲ့ပြီးနောက် အလားအလာကောင်းသည့်သြစတြေးလျမှကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တမျိုးကို စမ်းသပ်မှုရပ်ဆိုင်းခဲ့သည်။ သြစတြေးလျကုမ္ပဏီ CSL နှင့် ကွင်းစ်လန်တက္ကသိုလ်တို့ပူးပေါင်းထုတ်လုပ်သည့်ကာကွယ်ဆေးကို ၅၁ သန်းဝယ်ယူရန် သြစတြေးလျအစိုးရက သဘောတူထားသည်။ လက်ရှိတွင် အခြားကာကွယ်ဆေးများဖြင့် […]
Read Moreကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတတိယလှိုင်းက ခြိမ်းခြောက်နေသဖြင့် တောင်ကိုရီးယားတွင် အလွယ်တကူရွှေ့ပြောင်းနိုင်သည့်ကုန်သေတ္တာဆေးရုံများ တည်ဆောက်နေ
ဆိုးလ်၊ ဒီဇင်ဘာ ၁၁ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတတိယလှိုင်းကိုရင်ဆိုင်ရန် အရံဆေးရုံများတည်ဆောက်နေပြီး အကျပ်အတည်း ဆိုက်နေသည့်အခြေအနေသို့ရောက်နေကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးက ကြာသပတေး နေ့တွင်ပြောသည်။ မကြာမီ တောင်ကိုရီးယားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့်ပမာဏ အကန့်အသတ်ရှိလာတော့မည်ဖြစ်ပြီး အန္တရာယ်များနေကြောင်း ၀န်ကြီး ပတ်နမ်ဟူကပြောသည်။ ကူးစက်မှုနှောင့်နှေးစေရန်ရနိုင်သမျှရင်းမြစ်များအားလုံးစုဆောင်းရန်နှင့် […]
Read More




